ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ် အင်းလေးမြိုင်တွင် နေအိမ်တစ်လုံး မီးလောင်

December 15, 2025

ပုံစာ - မီးလောင်မှု မီးငြိမ်းသွားပြီးနောက် မြင်တွေ့ရစဥ် ။

မြိတ်မြို့ ၊ မြိတ်တောင်နယ်မြေ ၊ အင်းလေးမြိုင်ရပ်ကွက် ၊ ရွှေပြည်တန်လမ်းတွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ဆယ်နာရီဝန်းကျင်တွင် နေအိမ်တစ်လုံး မီးလောင်ခဲ့​ကြောင်း မြို့ခံများနှင့် ကူညီကယ်ဆယ်ရေး အသင်းများထံမှသိရသည်။

မီးလောင်သည့် နေအိမ်မှာ ဖက်မိုး၊ သစ်ကာနေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်၏အမိုးနှင့် အိမ်အခန်းများ ပျက်စီးသွားကြောင်း ဖြစ်စဥ် မှတ်တမ်းများ၌ တွေ့ရသည်။

မီးလောင်မှုမှာ မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သွားရောက်ကူညီခဲ့သည့် ကူညီကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ စိစစ်နေဆဲဖြစ်​ကြောင်း ၎င်းတို့ကဆိုသည်။

မီးလောင်မှု ကို ရပ်ကွက်နေသူများ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေး အသင်းများ ပူးပေါင်းကာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။