BREAKING
October 31, 2025

ကော့သောင်းတွင် ငါးရက်အတွင်း ကြိုးဆွဲသေဆုံးသူ နှစ်ဦးရှိ

July 15, 2025

ပုံစာ-ကော့သောင်းမြို့တစ်နေရာအား တွေ့ရစဉ်(ပုံဟောင်း)

ကော့သောင်းမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်နေမှ ၁၅ ရက် နေ့အထိ ငါးရက်အတွင်း ကြိုးဆွဲချသေဆုံးသူ နှစ်ဦးအထိရှိကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ကော့သောင်းနှင့် ကူညီ ဆောင်ရွက်ပေးသူ အချို့ထံမှသိရှိရသည်။

ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက်တွင် ယနေ့(ဇူလိုင် ၁၅) နံနက် စောစောပိုင်း၌ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ကြိုဆွဲချသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် မြို့ခံအချို့ကပြောသည်။

အဆိုပါ အမျိုးသားမှာ ဇူလိုင်လ ၁၄ ရက်နေ့က အရက်မူးပြီး ခြေချော်လဲခဲ့ရာမှ ဒဏ်ရာရရှိသည့်အတွက် မိသားစုဝင်များက ဆေးရုံတက်ရောက်ကုသစေခဲ့ရာ ဆေးရုံမှ ဆင်းလာပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ၎င်း၏နေအိမ်၌ ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်ကြောင်း ကူညီ ဆောင်ရွက်ပေးသည့် မြို့ခံတစ်ဦးကပြောသည်။

“ကြိုးကပြတ်ကျပြီး လူကမြောင်းထဲမှသေဆုံး နေတာ” ဟု ယင်းမြိုခံကပြောသည်။

အဆိုပါ အမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် ရွှေအဏ္ဏဝါပရဟိတအဖွဲ့မှ လူငယ်များက ကော့သောင်းမြို့ရှိ ၂ မိုင် ပြည်သူဆေးရုံရင်ခွဲရုံသို့ သွားရောက်ပို့ဆောင် ကူညီခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက် နေ့ကလည်း ကော့သောင်းမြို့နယ် ပလုံးတုံတုံးကျေးရွာ၌ အသက် ၂၈ နှစ်အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ ကော့သောင်းထံမှ သိရှိရသည်။

ကြိုးဆွဲချသေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။

ကော့သောင်းတွင် ယခုတလော ကြိုးဆွဲချသေဆုံးမှုများမကြာခဏ ဖြစ်ပွားနေသည်ကို တွေ့ရှိ ရကြောင်း ကူညီဆောင်ရွက်ပေးသည့် မြိုခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက် နေ့ကလည်း ကေ့သောင်းမြို့ ရှိ မြန်မာ့ဆက်သွယ်ရုံး၌ ရုံးဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သေးသည်။