BREAKING
November 3, 2025

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ပုံမှန်ပြုလုပ်မည်

July 15, 2023

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းများ ပုံမှန်ပြုလုပ် ထုတ်လွှင့်သွားရန် တနင်္သာရီတိုင်းမှ လူငယ်များ စုပေါင်းလုပ်ဆောင်နေ‌ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် ရည်ရွယ်ပြုလုပ်ကြောင်း စီစဉ်သူများကပြောဆိုသည်။

ယင်းအစီအစဉ်၏ ပထမဆုံးစကားဝိုင်းကို  ဇွန်လ ၁၇ ရက်ညတွင် ပြုလုပ်မည်ဖြစ်ပြီး ‘လက်နက်ကိုင်တော်လှန်ရေးနှင့် တနင်္သာရီလွတ်မြောက်ရေး’ ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်သည်။

ယင်းစကားဝိုင်းတွင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ဒေါန-တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့နှင့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ် စသည့်အဖွဲ့အစည်းများတွင် ဦးဆောင်ပါဝင်နေသော လူငယ်များက ပါဝင်ဆွေးနွေးမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက် ည ၇ နာရီတွင် Dawei Watch သတင်းဌာနအပါအဝင် သတင်းဌာနများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟုသိရသည်။

နောက်လများတွင်လည်း ‘ထုဆစ်မျှော်ရည် တနင်္သာရီ’ လူငယ်စကားဝိုင်း’ကို အခြားခေါင်းစဉ်များဖြင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရသည်။