BREAKING
June 17, 2025

တနင်္သာရီတွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းခန့်ရှိ

July 15, 2020

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းအတွင်း မဲဆန္ဒရှင် တစ်သိန်းနီးပါး ထပ်တိုးလာတဲ့အနက် အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရှိသူ လေးသောင်းဝန်းကျင်ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ရွှေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးထိန်လင်းဦးက ပြောသည်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလက မဲဆန္ဒရှင် ၁၀ သိန်းခန့်ရှိခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ၁၁ သိန်းခန့် ရှိတယ်လို့ ဦးထိန်လင်းဦးက ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ တနင်္သာရီတိုင်းရဲ့ လူဦးရေ ၁၄ သိန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ်မှာ လူဦးရေ ၁၅ သိန်းခွဲခန့် ရှိပါတယ်။