မြန်မာဖိုက်တာ သန့်ဇင်သည် မျက်လုံးဝေဒနာ သက်သာလာခဲ့ပြီဖြစ်၍ လေ့ကျင့်ရေးအချို့ကို ပြန်လည်စတင် ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးလိုက်ပြီဖြစ်သည်။
သန့်ဇင် သည် လက်ရှိအချိန်၌ အပေါ့စားလေ့ကျင့်ရေးများက လုပ်ဆောင်နေပြီး တစ်လအတွင်း၌ ကျန်းမာရေးအခြေအနေ စိတ်ချလာနိုင်ဖွယ်ရှိကြောင်း ၎င်း၏အစ်ကို ကိုထွန်းလွင်မိုးကလည်း ပြောကြားထားသည်။
သန့်ဇင်သည် ပက်ဆူကန်ဗစ်နှင့်ထိုးရမည့်ပွဲစဉ် မတိုင်မီ ကျန်းမာရေးစစ်ဆေးမှုခံယူရာ၌ မျက်လုံးတွင် အစက်အပျောက်များ တွေ့ရှိရသည့်အတွက် ဆရာဝန်က ပွဲဖျက်သိမ်းရန် တင်ပြလိုက်ခြင်းဖြစ်သည်။
အဆိုပါ မျက်လုံးတွင်း အစက်အပျောက် တွေ့ရှိမှုမှာ သာမန်အားဖြင့် သီတင်းတစ်ပတ်ကျော်ကာလအတွင်း သက်သာပျောက်ကင်းနိုင်သော်လည်း Fight အားကစားနည်းဖြစ်နေခြင်းကြောင်း တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်ကာ ဆရာဝန်က ပွဲဖျက်လိုက်ခြင်းဖြစ်သည်ဟု ကိုထွန်းလွင်မိုးက ရှင်းပြသည်။
သန့်ဇင်၏မျက်လုံးအခြေအနေသည် စိတ်ချရသောအဆင့်သို့ ရောက်လာခဲ့ပြီဖြစ်ပြီး တစ်လခန့် အချိန်ယူကုသပြီးပါက ပွဲထိုးနိုင်တော့မည်ဖြစ်ကာ သန့်ဇင်၏ပြိုင်ဘက်မှာ ပက်ဆူကန်ဗစ် သာဖြစ်ဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။
သန့်ဇင်သည် တစ်လကျော်လွန်ပြီးပါက ကျန်းမာရေးစစ်ဆေးချက်များကို ONE ထံသို့ ပြန်လည်တင်ပြရမည်ဖြစ်ပြီး သန့်ဇင်၏မျက်စိကျန်းမာရေး စိတ်ချရပါက ၎င်းကို ပွဲအမြန်ဆုံးတည်ပေးရန် ONE ဘက်က စီစဉ်သွားဖွယ်ရှိနေသည်။
Source : Thant Zin ONE Championship







