ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

January 15, 2026

ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်) ထံမှ သိရသည်။

ကြိုးဆွဲချသေဆုံးခဲ့သူမှာ ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ အမှတ် (၃) အထက်တန်းကျောင်းရှေ့တွင်နေထိုင်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ကိုဇော်မောင်သန့် ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရှိရသည်။

ကြိုးဆွဲချသေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။

အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ကူညီသယ်ဆောင်ပေးခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်တွင် လူငယ်အမျိုးသားတစ်ဦးနှင့် ဒီဇင်ဘာလ ၂၅ ရက်တွင် အမျိုးသမီးကြီးတစ်ဦးတို့ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။