ထားဝယ်မြို့တွင် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းက တရုတ်ဘိုးဘိုး စောစီကုန်း မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့သည်။
ဝဲကျွန်းရပ်ကွက်ရှိ ဟုတ်ဂွမ်တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းမှ စတင်ထွက်ခွာပြီး ဥတ္တံတားကြီးလမ်းဆုံ၊ ရဲရိပ်သာလမ်းဆုံ၊ လမ်းဆုံကြီး၊ ကမ်းနားစျေးလမ်းဆုံများ အတိုင်းလှည့်လည်၍ ဇရစ်ရပ်ကွက် ရှိ ကျမ်းတိတ်တရုတ်ဗုဒ္ဓဘာသာဘုရားကျောင်းတွင် နိုဝင်ဘာလ ၁၅ ရက်အထိ အပူဇော်ခံမည်ဖြစ်သည်။
နိုဝင်ဘာလ ၁၆ ရက်တွင် ကျမ်းတိတ်ဘုရားကျောင်း မှ ပြန်ထွက်ခွာ၍ ညောင်ပင်ကြီးလမ်းဆုံ၊ တောင်ခွလမ်းဆုံ၊ လမ်းဆုံကြီး၊ မြိတ်တန်းလမ်းဆုံ၊ ဥတ္တံတားကြီးလမ်းဆုံ၊ ကညနလမ်းဆုံများအတိုင်း ပြန်လှည့်လည်၍ ဟုတ်ဂွမ်ဘုရားကျောင်းသို့ ပြန်ပင့်ဆောင်မည်ဖြစ်သည်။























စောစီကုန်း လှည့်လည်ပူဇော်ခံပွဲကို နှစ်စဥ်လှည့်လည်ကျင်းပခြင်းမျိုးမဟုတ်ဘဲ အလျဥ်းသင့်သလို ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် နောက်ဆုံး ကျင်းပခဲ့ကာ ခုနစ်နှစ်ကြာမှ ယခုတဖန်ပြန်ကျင်းပခြင်းဖြစ်သည်။
ထားဝယ်ဒေသတွင် စောစီကုန်း တရုတ် ဘိုးဘိုး ကို ဆေးဝိဇ္ဇာသိဒ္ဓိရေစင်ဘိုးဘိုး ဟုလည်း သက်ဝင် ယုံကြည်ကြသည်။







