ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မန်ယူဟာ အသင်းဝိညာဉ် ပျောက်ဆုံးသွားပြီလို့ ပြောလိုက်တဲ့ ရူနီ

October 14, 2025

မန်ယူတိုက်စစ်မှူးဟောင်း ရူနီက မန်ယူ အကြီးမားဆုံး ဆုံးရှုံးသွားတာဟာ အသင်းရဲ့ဝိညာဉ်ပဲဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ကစားသမားဘဝမှာ အောင်မြင်ခဲ့ပေမယ့် နည်းပြဘဝဆီကို ကူးပြောင်းလိုက်ပြီးတဲ့နောက် ကျရှုံးမှုတွေသာ ရင်ဆိုင်နေရတဲ့ ရူနီက မန်ယူဟာ အခုအတိုင်း ရှေ့ဆက်ရင် ထူးထူးခြားခြား ဘာတစ်မှဖြစ်လာဖို့ မရှိဘူးလို့လည်း ထပ်လောင်း အသိပေးသွားခဲ့ပါတယ်။

အသင်းဟာ တစ်နေရာချင်းအလိုက် လိုအပ်ချက်တွေ များလွန်းနေပြီး အသင်းကစားသမားတွေနဲ့ အံဝင်တဲ့ကစားကွက်တစ်ခုကို မဖော်ဆောင်နိုင်သေးတာက အသင်းကို ပိုပြီး အထိနာစေတယ်လို့ ရူနီက ပြောထားပါတယ်။

ဖာဂူဆန် အနားယူသွားပြီးတဲ့နောက်ပိုင်း အဆိုးဆုံးကာလကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့မန်ယူအတွက် အကြီးမားဆုံးလိုအပ်ချက်က အသင်းအတွက် ပေးဆပ်မှုအပြည့်နဲ့ ကစားပေးချင်တဲ့ကစားသမားတွေ၊ ဘာမဆို ထိပ်တိုက်ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ နည်းပြဦးဆောင်မှုတွေဖြစ်တယ်လို့ ရူနီက ထောက်ပြသွားခဲ့ပါတယ်။

“မန်ယူဟာ မန်ယူရဲ့ဝိညာဉ် ပျောက်ဆုံးသွားပါပြီ။ ဒါကြောင့်ပဲ အသင်းက တစ်ဆင့်ချင်းအလိုက် ပြိုကျပျက်စီးသွားတာပါ။ အသင်းရဲ့ဝိညာဉ် တည်ရှိနေသရွေ့ အဲ့ဒီအသင်းဆီမှာ နိုင်လိုစိတ်ပြင်းပြမှုတွေ၊ အောင်မြင်မှု ဆာလောင်စိတ်တွေ၊ စိတ်ပိုင်းဆိုင်ရာ မောင်းနှင်အားတွေကို အထင်အရှား မြင်တွေ့ရပါလိမ့်မယ်။ မန်ယူဆီမှာ အခု ကျွန်တော်ပြောပြနေတာတွေ ဘာတစ်ခုမှ မရှိတော့ပါဘူး။ မန်ယူအတွက် ကျွန်တော်တို့ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်တုန်းက ပွဲတစ်ပွဲ ရှုံးလိုက်တာနဲ့ အပြစ်ကျူးလွန်လိုက်မိသလို ခံစားတတ်အောင် နည်းပြက သင်ကြားပေးထားပါတယ်။ အဲ့ဒီကောင်းမွေအားလုံးကို မန်ယူဆီမှာ မမြင်တွေ့ရတော့ပါဘူး”လို့ ရူနီက ပြောသွားခဲ့ပါတယ်။

Source – ONE Football