BREAKING
October 18, 2025

ခေတ်ဆိုးထဲ လိင်အကြမ်းဖက်ခံရသူတွေအတွက် ကမ်းလင့်လက်

September 14, 2025

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေရဲ့ လုံခြုံမှုဟာ အကြီးအကျယ်ခြိမ်းခြောက်ခံနေရပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုကင်းမဲ့လာပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ သားကောင်တွေဖြစ်လာပါတယ်။ ကျူးလွန်ခံရသူထဲမှာ အသက် ၇၀ ကျော်အရွယ်အထိ ပါဝင်နေတဲ့အတွက် အသက်အရွယ်မရွေး အမျိုးသမီးတွေဟာ အိပ်မက်ဆိုးကြီးကို ရင်ဆိုင်နေရတာပါ။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုကိုလည်း ခံစားနေကြရပေမယ့် တရားမျှတမှုကိုလည်း ခက်ခဲနေပါတယ်။ အခု အစီအစဉ်မှာတော့ ဒီလိုအခြေအနေတွေကို ရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေနဲ့ သူတို့အတွက် ရပ်တည်ကူညီပေးနေကြသူတွေအကြောင်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။