BREAKING
October 31, 2025

ဟွန်ဆန်ရဲ့ အမျက်စက်ကွင်းမှ ဝေးရာ

July 14, 2025

အသက် ၃၇ နှစ်အရွယ် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူတစ်ဉီးဟာ ကမ္ဘောဒီးယားအစိုးရနဲ့ စစ်တပ်ကို လူသိရှင်ကြား ဝေဖန်ပြီးနောက် အသက်ဘေးအန္တရာယ်ကြောင့် ထိုင်းနိုင်ငံမှာ ပုန်းအောင်းခဲ့ပါ တယ်။

ကမ္ဘောဒီးယားစစ်သားတွေကို လှောင်ပြောင်တဲ့ ရုပ်သံဖိုင်တစ်ခုကို လူမှုကွန်ရက် TikTok မှာ တင်ခဲ့တဲ့ ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယား နိုင်ငံတကာလူငယ်ကွန်ရက်ရဲ့ ခေါင်းဆောင် အွမ်ပီဆက်ကို ကမ္ဘောဒီးယား အာဏာပိုင်တွေက အလိုရှိနေပါတယ်။

အဆိုပါဗွီဒီယိုရုပ်သံဖိုင်ဟာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် တပ်စွဲထားတဲ့ တပ်ဖွဲ့တွေ ဟာ အာဟာရချို့တဲ့ပြီး တိုက်ပွဲဝင်ဖို့ပြင်ဆင်မှု ညံ့ဖျင်းတယ်ဆိုတဲ့ စစ်သားဟောင်းတစ်ဉီးနဲ့ နီးစပ်သူတစ် ဉီးရဲ့ TikTok အကောင့်တွေကို အခြေခံထားပါတယ်။

အဲဒီပို့စ်ကြောင့် အွမ်ပီဆက်က သတင်းမှားတွေ ဖြန့်ဝေပြီး စစ်ဘက်အရာရှိတစ်ဉီးအဖြစ် အ ယောင်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့တဲ့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဉက္ကဋ္ဌ ဟွန်ဆမ်ရဲ့ အပြင်းအထန် တုံ့ပြန်မှုကို ခံခဲ့ရပါတယ်။

အွမ်ပီဆက်ရဲ့ TikTok အကောင့်ဟာ အထင်မြင်မှားစေသော အကြောင်းအရာတွေ ဖြန့်ဝေခဲ့လို့ သူ့ရဲ့လုံခြုံရေးအတွက် နောက်ထပ် စိုးရိမ်မှုတွေ ဖြစ်စေခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က နောက်ပိုင်း ကြေညာခဲ့ပါတယ်။

လက်တုံ့ပြန်ခံရမှာကို ကြောက်ရွံ့တဲ့ ထိုင်းနိုင်ငံက အခြားကမ္ဘော ဒီးယား အစိုးရဆန့်ကျင်သူတွေနဲ့ အတူ သူဟာ ထိုင်းနိုင်ငံမှာ ပုန်းအောင်းခဲ့နေရတယ်လို့ မကြာသေးမီက ဘန်ကောက်ပို့စ်သတင်းစာနဲ့ ဖုန်း အင်တာဗျူးတစ်ခုမှာ အွမ်ပီဆက်က ပြောကြားခဲ့ပါတယ်။

“ဒီရုပ်သံဖိုင်ဟာ ဖိနှိပ်ခံနေရတဲ့ ကမ္ဘောဒီးယားတပ်ဖွဲ့တွေရဲ့ အသံကို ချဲ့ပေးဖို့ ရည်ရွယ်ခဲ့ပါ တယ်။ ကျွန်တော် အပြင်ကို မထွက်ရဲတော့ဘူး။ ကျွန်တော် ကြောက်ရွံ့နေပါတယ်။ ဘန်ကောက်မြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ ကမ္ဘောဒီးယား လွှတ်တော်အမတ်ဟောင်းကို ခင်ဗျား မှတ်မိတယ် မဟုတ်လား” လို့ သူက ပြောပါ တယ်။

ယခုနှစ်အစောပိုင်းမှာ ဘန်ကောက်မြို့တော်ရှိ Wat Bowonniwet Vihara အနီး ပစ်သတ်ခံခဲ့ရတဲ့ ကမ္ဘောဒီးယား-ပြင်သစ်နိုင်ငံသား ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ဝင်ဟောင်း အသက် ၇၃ နှစ်အရွယ် လင်ကီမြ သတ်ဖြတ်ခံရမှုကို အွမ်ပီဆက်က ရည်ညွှန်းပြောဆိုခဲ့တာပါ။

နိုင်ငံရေးအရ လှုံ့ဆော်မှုတစ်ခုလို့ စွပ်စွဲခံထားရတဲ့ အစိုးရကို ဖြုတ်ချရန် လျှို့ဝှက်ပူးပေါင်းကြံစည်တယ်လို့ ဆိုပြီးတဲ့နောက် တစ်ချိန်က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိ က အတိုက်အခံပါတီဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယား အမျိုးသား ကယ်ဆယ်ရေးပါတီ (CNRP) ကို ၂၀၁၇ ခုနှစ် မှာ ဖျက်သိမ်းခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ Kompong Cham ပြည်နယ် ဇာတိဖွား အွမ်ပီဆက်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ထိုင်းနိုင်ငံကို တရားဝင် ဝင်ရောက်ခဲ့ပြီး အများစုမှာ ခေါင်းပုံဖြတ်ခံရမှုနဲ့ အလွဲသုံးစားပြုခံရမှုတွေ ရင် ဆိုင်နေရတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေအတွက် အကြံပေးမှုတွေ စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အွမ်ပီဆက်ဟာ ကမ္ဘောဒီးယားအစိုးရကို ဝေဖန်ခဲ့ကာ အစိုး ရဆန့်ကျင်သူတွေကို ဖိနှိပ်တယ်။ မဲလိမ်ပြီး ရွေးကောက်ပွဲလုပ်ခဲ့တယ်။ ကျေးလက်အသိုင်းအဝိုင်းကို ဖိနှိပ်ပြီး အခွင့်ထူးခံလူစု အကျိုးခံစားရဖို့ သဘာဝသယံဇာတတွေ အသုံးချတယ် စွပ်စွဲခဲ့ပါတယ်။

ကမ္ဘောဒီးယားအစိုးရကို ဝေဖန်မှုကြောင့် အွမ်ပီဆက်ရဲ့ ဆိုရှယ်မီဒီယာအကောင့်အားလုံး ပိတ် ပင်ခံခဲ့ရပါတယ်။

လက်ရှိမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားတဲ့ အွမ်ပီဆက်က အမေရိကန်၊ သြစတြေးလျ သို့မ ဟုတ် ကနေဒါလိုမျိုး တတိယတိုင်းပြည်တစ်ခုမှာ ခိုလှုံခွင့်ရဖို့ မျှော်လင့်နေပါတယ်။

သူက ထိုင်းနိုင်ငံကို ချစ်မြတ်နိုးတယ်လို့ဆိုပေမယ့် အခြားသော ပြည်ပရောက် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူတွေလိုမျိုး ဒုက္ခသုတ်ခတွေ ခံစားရမှာကို စိုးရိမ်ပါတယ်။

သူ့ရဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်သွားပြီဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ ခိုလှုံရတဲ့အနေအထား ကြောင့် သက်တမ်းတိုးမရပါဘူး။ လက်ရှိမှာ သူဟာ စားနပ်ရိက္ခာနဲ့ အခြေခံပစ္စည်းတွေ ထောက်ပံ့ပေးတဲ့ တက်ကြွလှုပ်ရှားသူများ နဲ့ ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခုအပေါ် လုံးလုံးလျားလျား အားကိုးနေပြီး အလုပ်မရှာတော့ပေ။

“ကျွန်တော့်ရဲ့ရှေ့နေနဲ့ နေ့စဉ် စကားပြောဖြစ်တယ်။ လောလောဆယ်မှာတော့ ကျွန်တော် အ သက်ရှင်ဖို့ပဲ ကြိုးစားနေပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေကို ပယ်ထုတ် မထားဖို့ အွမ်ပီဆက်က ထိုင်းပြည်သူတွေကို တောင်းဆိုခဲ့ပြီး ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာကအလုပ်သမားတွေကို ပံ့ပိုးကူညီမှုအတွက် ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသခံတွေကို ထိခိုက်စေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ် လျှောက် တင်းမာမှုတွေ ဆက်လက်ဖြစ်ပေါ်နေမှုကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ မျှော်လင့်တယ်လို့ သူက ဆို ပါတယ်။

[ဇူလိုင်လ ၁၁ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ Wassayos Ngamkham ရေးသားထားတဲ့ In fear of Hun Sen’s wrath ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်]