BREAKING
November 3, 2025

မှတ်တမ်းစံချိန်တွေနဲ့အတူ ကလပ်ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်သွားခဲ့တဲ့ ချယ်လ်ဆီး

July 14, 2025

ချယ်လ်ဆီးအသင်းဟာ ပီအက်စ်ဂျီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးကိုင်မြှောက်သွားခဲ့ပါပြီ။

ဆုဖလားကြီးကို အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖီဖာဥက္ကဌ အင်ဖန်တီနိုတို့က သယ်ယူလာပြီး ချန်ပီယံ ချယ်လ်ဆီးအသင်းကို ပေးအပ်ချီးမြှင့်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးကိုင်မြှောက်နိုင်ခြင်းနဲ့အတူ မှတ်တမ်းကောင်းတွေလည်း ရရှိခဲ့ပါသေးတယ်။

ချယ်လ်ဆီးဟာ အသင်းသမိုင်းမှာ….

  • ချန်ပီယံလိဂ်ဖလားကို နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါပြီ။
  • ယူရိုပါလိဂ်ဖလားကိုလည်း နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါပြီ။
  • ယူရိုပါကွန်ဖရန့်လိဂ်ဖလားကို တစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါပြီ။
  • ယူအီးအက်ဖ်အေ ဥရောပ စူပါဖလားကို နှစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။
  • ကလပ် ကမ္ဘာ့ဖလား အရင် ပုံစံဟောင်းနဲ့ရော၊ အခု ပုံစံသစ်နဲ့ပါ ဆွတ်ခူးနိုင်ခဲ့ပါပြီ။

Source – TNT Sports