BREAKING
May 14, 2025

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များ အလှပြကားဖြင့် မြို့တွင်းလှည့်လည် အောင်ပွဲခံမည်

May 14, 2025

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို လီဗာပူး ဆွတ်ခူးရယူသွားခြင်းအတွက် အလှပြကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံမည်ဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။

ယခုအစီအစဉ်ကို Krungthai-AXA Life အာမခံလုပ်ငန်းက အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ကို The Red Day ဟု သတ်မှတ်ကာ ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များက အောင်ပွဲခံအခမ်းအနားများ ကျင်းပမည်ဖြစ်သည်။

ဘန်ကောက်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် CentralWorld၊ Victory Monument နှင့် Central Ladprao စသည့်နေရာများတွင် ချန်ပီယံများ၏ချီတက်ပွဲဟု ခေါ်ဝေါ်သတ်မှတ်ကာ လီဗာပူးပရိသတ်များက အောင်ပွဲခံအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် CentralWorld Square တွင် နေ့လည် ၁ နာရီကစတင်၍ အောင်ပွဲခံအခမ်းအနား ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည်တော်များက အလှပြကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံခြင်းကို ညနေ ၄ နာရီမှ ညနေ ၆ နာရီအထိ လုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသော လီဗာပူး အမှတ်ပေးချန်ပီယံဆု အကြိမ် ၂၀ မြောက် ဆွတ်ခူးရရှိခြင်း အောင်ပွဲခံအခမ်းအနားဆီသို့ လီဗာပူးနောက်ခံလူဟောင်း ရစ္စ လာရောက်ပူးပေါင်းမည်ဖြစ်ပြီး ယင်းအခမ်းအနားကို မေလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဟု အခမ်းအနားကို ကမကထပြုထားသော Krungthai-AXA Life အာမခံလုပ်ငန်းက ထုတ်ပြန်ကြေညာထားသည်။

Source : The Bangkok Post