BREAKING
May 14, 2025

ရေဖြူတွင် ယာဥ်တိုက်မှုဖြစ်ပြီး လူ ၂၀ထက်မနည်းဒဏ်ရာရ၊ ကားထဲတွင် ညှပ်နေသူများရှိ

May 14, 2025

ရေဖြူမြို့နယ်၊ ရာဖူးရွာတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ၂၀ ဦးခန့် ဒဏ်ရာရပြီး ကားထဲတွင် ညှပ်နေသူများ ရှိနေသေးကြောင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်နေသည့် တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲထံမှ သိရသည်။

ရာဖူးရွာလယ်၌ ယနေ့ မေလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခရီးသည်များ လိုက်ပါလာကြသည့် Vigo ကားနှင့် အန်စာတုံးကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။

ဒဏ်ရာရရှိသူများကို လက်ရှိတွင် ကလိန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသူများကို ကလိန်အောင်တိုက်နယ်ဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ ဆက်လက်သယ်ဆောင်ရန် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့အမှ အရေးပေါ်လူနာတင်ယာဉ် ၁၁စီးထွက်ခွာလာကြောင်း တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိကားတွင် ညှပ်နေသူများရှိနေသည်ဟု အထက်ပါအဖွဲ့ထံမှသိရပြီး လူဦးရေ မည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးပေ။

ယာဉ်တိုက်မှု နောက်ဆက်တွဲအခြေအနေများကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်နေဆဲဖြစ်သည်။