BREAKING
May 14, 2025

နိုင်ငံသားသတင်းစာပညာ (Citizen Journalism ) သင်တန်း

May 14, 2025

တနင်္သာရီတိုင်းသားတို့ အတွက် CJ သင်တန်း

ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သတင်းဌာနတွေထံပေးပို့ဖို့ စိတ်ဝင်စားပါသလား။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဖြစ်စဉ်တွေကို စိတ်ဝင်စားသူတစ်ယောက်လား။ ရေရှည်မှာ သတင်းစာဆရာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ စိတ်ဝင်စားနေလား။

ဒါဆိုရင်တော့ Dawei Watch ကဖွင့်လှစ်သွားမယ့် နိုင်ငံသားသတင်းစာပညာ (Citizen Journalism ) သင်တန်းကနေ ကြိုဆိုပါတယ်။

သင်တန်းက ၁၀ ရက်တာကြာမြင့်မှာဖြစ်ပြီးတော့ ဇွန်လ ၂ ရက်ကနေ ၆ ရက်အထိ၊ ဇွန်လ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီခွဲ အထိ မပျက်မကွက်တက်ရောက်ရမှာပါ။

Online (Zoom Platform) ကနေ သင်ကြားမှာဖြစ်ပြီး စုစုပေါင်း သင်တန်းသား ၁၅ ဦးပဲ စိစစ်ရွေးချယ် သွားမှာပါ။

■ ဘာတွေသင်မလဲ

  • နိုင်ငံသားသတင်းစာပညာဆိုတာဘာလဲ၊
  • သတင်းအချက်အလက် ရယူတဲ့အခါ မဖြစ်မနေသိရှိရမယ့် ‘ဘ’ ခြောက်လုံး၊
  • သတင်းအရင်းအမြစ်တွေကို အင်တာဗျူးဘယ်လိုလုပ်မလဲ၊ အဲဒီအတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ၊
  • အင်တာဗျူးမေးခွန်းအမျိုးအစားတွေက ဘာတွေလဲ၊
  • သတင်းအချက်အလက်တွေကို ဘယ်လိုရေးမလဲ (သတင်းဖွဲ့စည်းတည်ဆောက်ပုံ)
  • သတင်းဓာတ်ပုံတွေကို ဘယ်လိုရိုက်ကူးမလဲ၊
  • သတင်းဓာတ်ပုံတွေကို ‘ဘ’ ခြောက်လုံးနဲ့ ဘယ်လို ရှင်းပြမလဲ၊
  • သတင်းစာပညာကျင့်၀တ်နဲ့ သတင်းသမားတွေအတွက် သတိပြုရမယ့် လုံခြုံရေး၊
    ခံစားခွင့်

■ သင်တန်းတက်ရောက်ဖို့ ရွေးချယ်ခံရပြီဆိုရင် ဒါတွေခံစားခွင့်​ရရှိမှာပါ။

  • အင်တာနက်ကုန်ကျစရိတ်နဲ့ သင်တန်းအတွင်း လုပ်ဆောင်သွားမယ့် Assignment တွေအတွက် ဖုန်းဘေလ်၊ လမ်းစရိတ် တစ်ရက်လျှင် ထိုင်းဘတ် ၅၀၀
  • သင်တန်းပြီးတဲ့နောက် သတင်းသုံးပုဒ် ထုတ်လုပ်ဖို့လိုအပ်ပြီး သတင်းတစ်ပုဒ်စီအတွက် စာမူခ

ဒါ့အပြင် သတင်းထုတ်လုပ်နိုင်အောင်လည်းလည်း Dawei Watch သတင်းဌာနရဲ့ သတင်းထောက်တွေ၊ အယ်ဒီတာတွေက ကြီးကြပ်ပေးသွားဦးမှာပါ။

■ ဘယ်သူတွေ လျှောက်ထားနိုင်မလဲ

  • တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှာ (နယ်စပ် နေထိုင်သူများလည်း လျှောက်ထားနိုင်) ခြေချနေသူ ဖြစ်ရမယ်။
  • အင်တာနက် အသုံးပြုဖို့ အဆင်ပြေရမယ်။
  • သတင်းစာပညာကို စိတ်ဝင်စားရမယ်။
  • သင်တန်းပြီးဆုံးအောင် တက်ရောက်ပြီး ပေးတဲ့ Assignment တွေကို လုပ်ဆောင်ချင်စိတ်ရှိရမယ်။
  • သင်တန်းပြီးသွားရင် CJ အဖြစ် လုပ်ကိုင်လိုသူဖြစ်ရမယ်။

​ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သင်တန်းကို မေလ ၂၇ ရက် နောက်ဆုံးထား လျှောက်ထားလိုက်ပါ။

လျှောက်ထားရန် – https://docs.google.com/forms/d/e/1FAIpQLSfTDeFYxwMmk6sM2cL7BXPOylZ_6WAw603DiRK4vhbIdppiDg/viewform?usp=header