ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အပြင်ထွက်က Mask တပ်ရမည်

April 14, 2020

မြိတ်တွင် Face mask တပ်ဆင်ခြင်းမရှိဘဲ အပြင်ထွက်ပါက အရေးယူမည့် ဒေသန္တရ အမိန့်တစ်ရပ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု အေးရိပ်ချောင် မဟာစည်သာသနာ့ရိပ်သာရှိ Facility Quarantine Center သို့ လာရောက်သူများအနေဖြင့် ဧပြီလ ၁၂ ရက်နေ့မှ စပြီး Face Mask များတပ်ဆင်ထားရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဈေးရောင်း ဈေးဝယ်သူများအနေဖြင့် လက်ဆေးခြင်း၊ လက်အိတ်ဝတ်ဆင်ခြင်းနှင့် Face Mask တပ်ဆင်ရမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်ကော်မတီမှ သိရသည်။

ထို့ပြင် ဈေးပတ်ဝန်းကျင်တွင် သံသယရှိလူနာများတွေ့ရှိပါက သက်ဆိုင်ရာဈေးတာဝန်ခံ၊ ဈေးကော်မတီတို့အား အကြောင်းကြားရမည်ဖြစ်ပြီး စည်းကမ်းချက်များအား ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

မြင့်မိုရ် (မြိတ်)