ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြက်သွန်ဖြူ (ကြူကုတ်) ဈေးတက်ပြီး ရွှေအပ်ငရုတ်သီးအခြောက် ဈေးကျသည့် ထားဝယ်ဈေးကွက်

March 14, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) ဈေးတက်ပြီး ရွှေအပ်ငရုတ်သီးအခြောက်ဈေး ကျလာသည်။

ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မတ်လ ၈ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၃,၀၀၀ ကျပ် ရှိရာမှ မတ်လ ၁၄ ရက်နေ့တွင် ၁၅,၀၀၀ ကျပ်သို့ ဈေးတက်သွားသည်ကို တွေ့ရသည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၂,၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

သို့သော် ရွှေအပ်ငရုတ်သီးအခြောက်မှာ ဈေးကျလာပြီး ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် မတ်လ ၈ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်သီးအခြောက်တစ်ပိဿာ ၂၁,၀၀၀ ကျပ် ရှိရာမှ မတ်လ ၁၄ ရက်နေ့တွင် တစ်ပိဿာ ၁၈,၅၀၀ ကျပ်သို့ ဈေးကျသွားသည်ကို တွေ့ရသည်။

ထို့ကြောင့် ရွှေအပ်ငရုတ်သီးအခြောက်မှာ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၂,၅၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ဆန်နှင့် ဆီအပါအဝင် အခြားစားဖိုဆောင်သုံးပစ္စည်းအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။