ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

March 14, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • ထားဝယ်ထောင်က လွတ်ငြိမ်းနဲ့လွတ်လာတဲ့ နိုင်ကျဥ်းနှစ်ဦး စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရ
  • သရက်ချောင်းမြို့နယ် ဝင်းဝစခန်းနားကရွာတွေကို စစ်အာဏာရှင်တပ်က ဗုံးထပ်ကြဲ
  • ထားဝယ်နည်းပညာတက္ကသိုလ်အရှေ့တိုက်ခိုက်မှု စစ်အာဏာရှင်တပ်သားသုံးဦးသေ
  • တနင်္သာရီ ခြောက်မိုင်ရွာကိုရောက်နေတဲ့ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်
  • KTLA ဆာကဆောတပ်ပစ်ခတ်လို့ KNLA တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရ
  • မြိတ်မှာ စစ်မှုထမ်းကြေးမထည့်သူတွေကို အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်
  • စစ်မှုထမ်းကြေးကောက်ပြီးပြန်လာတဲ့ တောင်ရှည်ရွာအုပ်ချုပ်ရေးမှူးကားကို မိုင်းဆွဲတိုက်ခိုက်
  • ပုလောမှာ စစ်အာဏာရှင်တပ် တပ်စွဲထားတဲ့နေရာသုံးခု သိမ်းယူတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “မြန်မာနိုင်ငံတောင်ပိုင်းကိုရိုက်ခတ်လာတဲ့ အရှေ့အလယ်ပိုင်းစစ်” ဆိုတဲ့ အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။