မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်တောင်ပုရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေး တပ်များက နှစ်ရက်ဆက်ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၁ရက်နှင့် ၁၂ရက် ညတို့တွင် သကန်တောင်ပုရွာ ကြက်ယက်ကန်းတောင်တွင် တပ်စွဲထားပြီး စစ်ဆေးရေး ဂိတ်ဖွင့်ထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဒီဇင်ဘာလ ၁၁ရက် ည ၁၂နာရီတွင် တစ်ကြိမ်ဝင်ရောက်တိုက်ခိုက်ရာ အပြန်လှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားပြီး ဒီဇင်ဘာလ ၁၂ရက် ည ၈နာရီခန့်တွင် ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“တပ်စွဲထားတာ ၂နှစ်ကျော်ပြီ။ စစ်ဆေးရေးဂိတ်လည်း ချထားတယ်။ ဝင်ရောက်ပစ်ခတ်တာ စစ်သားတွေဘက်က ထိခိုက်မှုရှိတယ်။ အရေအတွက်တော့ အတိအကျတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ရွာထဲသို့ ပစ်ခတ်သဖြင့် လူနေအိမ်သုံးဆောင် ထိခိုက်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက် ညက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်ဆောင် ပျက်စီးသွားပြီး ဒီဇင်ဘာလ ၁၂ရက် ညတွင် နှစ်ဆောင် ပျက်စီးကြောင်း ၎င်းက ဆိုသည်။
yHဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်များကို တော်လှန်ရေးတပ်များသည် သကန်တောင်ပုရွာထဲတွင် ကပ်ထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။







