ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်းတနင်္သာရီသတင်း

December 13, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

• ထားဝယ်ဒေသခံတွေ ကျပ်သိန်းပေါင်းများစွာ ထုတ်မရတဲ့ကိစ္စရဲ့တာဝန်ရှိသူ ရွေးကောက်ပွဲဝင်

• တနင်္သာရီတိုင်းအတွင်း ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံရသူ ငါးဆယ်ကျော်ရှိလာ

• စေတနာ့ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရပြီးနောက် လူနာတင်ယာဉ်အသင်း ကူညီမှုရပ်နား

• ဘဝါချောင်းရှိ ငါးခိုအိုင်မှာ မိုင်းခွဲဖမ်းဆီးတာတွေကြောင့် ငါးရှားပါးလာ

• ထားဝယ်နဲ့ သရက်ချောင်းက ကျေးရွာချင်းဆက်တံတား ၃ စင်းကို စစ်အာဏာရှင်တပ်ဖျက်ဆီး

• မြိတ် ကျေးရွာသုံးရွာကဒေသခံငါးဦးကို စစ်အာဏာရှင်တပ် ဝင်ဖမ်း

• လောင်းလုံးမှာ ရောဂါနဲ့သေတဲ့ဝက်တွေ စျေးပေါပေါနဲ့ရောင်းနေ

• ထားဝယ်ခရိုင်မှာ စပါးရာသီပေါ်စျေး တစ်တင်းကို ကျပ်ရှစ်ထောင်ကျော်ပဲဈေးရတဲ့ သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “စစ်ခေါင်းဆောင်ရဲ့ ထားဝယ်လေယာဉ်ကွင်း စီမံကိန်းနောက်ကွယ်မှာ ဘာတွေရှိနေလဲ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။