ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန်ဈေးအနည်းငယ်ကျပြီး စားအုန်းဆီပြတ်နေသည့် မြိတ်ကုန်စည်ဈေးကွက်

October 13, 2023

ဆန်ဈေး နှစ်ပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေခဲ့သည့် မြိတ်ကုန်စည်ဈေးကွက်သည် ယခုအပတ်တွင် ဆန်ဈေး အနည်းငယ်ကျဆင်းလာသည်။

ယခင်အပတ်က ရွှေဘိုပေါ်ဆန်းမွှေး (အောင်သီဟ) တစ်အိတ်လျှင် ၁၇၃၀၀၀ ကျပ်ဈေးရှိရာမှ ၃၀၀၀ ကျပ် ကျဆင်းသဖြင့် ယခုအပတ်တွင် ၁၇၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

ပေါ်ဆန်းအကယ်ဒမီ အနီ တစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် ကျဆင်းသဖြင့် ၁၁၈၀၀၀ ကျပ်နှုန်းဖြစ်လာသည်။

ဆယ်ပိဿာဆံ့ စားအုန်းဆီတစ်ပုံးလျှင် ၈၄၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်နေသည်။

ကြက်သွန်နီ တစ်ပိဿာလျှင် ငါးရာကျပ် ကျဆင်းလာသည်။

ထို့အပြင် ကြက်သွန်ဖြူတစ်ပိဿာလျှင်လည်း ယခင်အပတ်က ၁၁၅၀၀ ကျပ်ဈေးရှိရာမှ ၁၅၀၀ ကျပ်ကျဆင်းသဖြင့် ၁၀၀၀၀ ကျပ်နှုန်း ဖြစ်လာသည်။