ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• စစ်မှုထမ်းအကြောင်းပြ ငွေတောင်းတာ တိုင်သူမရှိဘူးလို့ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပြောဆိုတဲ့အကြောင်း
• လောင်းလုံးမြို့ပေါ်က လူမရှိတဲ့နေအိမ်တွေထဲ စစ်အာဏာရှင်တပ်က ပစ္စည်းတွေမကြာခဏဝင်ယူနေတဲ့အခြေအနေ
• မြိတ်နဲ့ထားဝယ်မှာ ကုန်စိမ်းပြတ်လို့ ငရုတ်သီးတစ်တောင့် ကျပ်တစ်ရာပေးရတဲ့အကြောင်း
• တနင်္သာရီက ကျေးရွာအချို့မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း ရှားလို့ချွေတာသုံးနေရတဲ့သတင်း
• တနင်္သာရီ ကျေးရွာအချို့မှာ ဓာတ်မြေဩဇာကို ပိဿာချိန်နဲ့ ဝယ်သုံးနေရပြီဆိုတဲ့သတင်းတွေ အပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “ထားဝယ်နဲ့မြိတ်က ရက်ရှည်တိုက်ပွဲတွေကြောင့် တိုးလာနေတဲ့ စစ်ရှောင်တွေ အခက်ကြုံနေရ”တဲ့အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။