BREAKING
October 20, 2025

ထားဝယ်မြစ်တွင် အမျိုးသားအလောင်းတွေ့

August 13, 2025

ဓာတ်ပုံ - ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့

ထားဝယ်မြစ်အတွင်း၌ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့ဆိပ်အနီး ထားဝယ်မြစ်အတွင်း ယနေ့ နံနက် ၉နာရီခန့်တွင် တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အင်္ကျီအနီရောင်ဝတ်ဆင်ထားပြီး ပက်လက်အနေအထားဖြင့် တွေ့ရပြီး အလောင်းမှာ ပုပ်ပွနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အလောင်းက နံနေပြီ။ လက်မှာ လက်ပတ်နာရီတစ်လုံး ပတ်ထားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

အဆိုပါ ရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ နှင့် ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ဆယ်ယူရန် လုပ်ဆောင်နေတေကြာင်း ‌ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါ‌ဖြစ်သည်နှင့် သေဆုံးသည့်အကြောင်းအရင်းတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။