ပေါ်တူဂီ ဘောလုံးသမား ဒီယေဂို ဂျိုတာရဲ့ရုပ်အလောင်းကို မြှုပ်နှံထားတဲ့ သုသာန်ရှိရာ အုတ်ဂူဆီကို ဈာပနပြီးပြီးချင်း မကြာခင်မှာပဲ ကျူးကျော်ဝင်ရောက်ပြီး ဆယ်လ်ဖီရိုက်သူတွေ အများအပြားဖြစ်လာလို့ အဲ့ဒီအုတ်ဂူရှိရာ နေရာပတ်ဝန်းကျင်ကို ပိတ်ပစ်လိုက်ရတယ်လို့ ပေါ်တူဂီ အာဏာပိုင်တွေက ပြောပါတယ်။
လီဗာပူး ကစားသမား ဂျိုတာနဲ့ သူ့ရဲ့ ညီ အန်ဒရီ ဆေးလ်ဗားတို့ရဲ့ရုပ်အလောင်းတွေကို စနေနေ့ မနက်ပိုင်းက ပေါ်တိုမြို့နားဆီက ဂွန်ဒိုမားမှာရှိတဲ့ Igreja Matriz de Gondomar ဘုရားရှိခိုးကျောင်းမှာ မြှုပ်နှံခဲ့ပါတယ်။
ဒါပေမဲ့ ဆယ်လ်ဖီရိုက်သူတွေက အုတ်ဂူနားကို ကျူးကျော်ဝင်ရောက်ပြီး ဆယ်လ်ဖီဓာတ်ပုံတွေရိုက်ဖို့ ကြိုးစားခဲ့ကြလို့ သုသာန်ကို အများပြည်သူ ဝင်ရောက်ခွင့် ပိတ်လိုက်ရတယ်လို့ The Mirror သတင်းစာက ဖော်ပြထားပါတယ်။
ဂျိုတာဟာ သူ့ရဲ့ ကာလရှည်ကြာလက်တွဲလာခဲ့တဲ့ ချစ်သူမိန်းကလေး ကာဒိုဆိုနဲ့ လက်ထပ်ပြီး ၁၁ ရက်အကြာမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီးနဲ့အတူ ရင်သွေး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဂျိုတာဟာ သူ့ရဲ့ ညီ ဆေးလ်ဗားနဲ့အတူ ကြာသပတေးနေ့ မနက်အစောပိုင်းက ဇာမိုရာမြို့နားမှာ သူတို့မောင်းနှင်စီးနင်းလာတဲ့ လမ်ဘော်ဂီနီကား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ကွယ်လွန်ခဲ့သွားခဲ့ကြတာ ဖြစ်ပါတယ်။
Source – The Mirror