BREAKING
October 26, 2025

အခွန်ကောက်ခံရရှိမှု လျော့နည်း

July 13, 2020

ကိုဗစ်ကြောင့် အခွန်ကောက်ခံရရှိမှု ယမန်နှစ်ထက် ကျပ်သန်းသုံးထောင်နီးပါး (ကျပ် ၂၉၁၂.၂၀၉ သန်း) လျော့နည်း ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး အခွန်ဦးစီးဌာနရုံးထံမှ သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ အခွန်အရပ်ရပ် ကောက်ခံရရှိမှု ကျပ်သန်း ၃၂၀၀၀ ကျော် (ကျပ် ၃၂၂၃၂ ဒဿမ ၁၀၅ သန်း)ရရှိခဲ့သော်လည်း ယခုနှစ် ကာလတူတွင် ကျပ်သန်း ၂၉၀၀၀ ကျော် (၂၉၃၁၉ ဒဿမ ၈၉၆ ကျပ်သန်း) ကောက်ခံရရှိခဲ့သည်ဟု အထက်ပါဌာနမှ တာဝန်ရှိသူက ပြောသည်။

“ကိုဗစ်ကြောင့်လို့ပဲ ပြောရမှာပဲ ဘာလို့လဲဆိုတော့ ဝင်ငွေခွန်တွေလည်း နိုင်ငံတော်က ၂ ရာခိုင်နှုန်း မကောက်နဲ့ လို့ ပြောထားတာ ရှိတယ်လေ။ အထူးကုန်စည်ခွန်ကောက်ခံရရှိတာကတော့ နယ်စပ်ကုန်သွယ်ရေးကနေ ကောက်ပေး တာများတဲ့အတွက် နယ်စပ်ဂိတ်တွေ (ထိုင်းဘက်က) ပိတ်ထားတော့ ကောက်ခံရရှိမှု လျော့နည်းတယ်ပေါ့” ဟု တာဝန် ရှိသူက ဆိုသည်။

မိုးမြင့်