ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အပါအဝင် အခြားခရိုင်များတွင် ဖုန်းလိုင်းများမှတစ်ဆင့် ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် သတိပေးချက်စနစ် စမ်းသပ်မှုကို ယနေ့ မေလ ၁၃ရက် နေ့လယ်ပိုင်းတွင် ထပ်မံစမ်းသပ်မည်ဖြစ်ကြောင်း ပြည်သူ့အရေးပေါ်ကယ်ဆယ်ရေးဌာနက ထုတ်ပြန်သည်။
ချင်းမိုင်ခရိုင်၊ ဥဒွန်းဌာနီခရိုင်၊ အယုဒ္ဓယခရိုင်၊ နခွန်စီထမရတ်ခရိုင်နှင့် ဘန်ကောက်ရှိ နယ်မြေတချို့တွင် ယနေ့ မွန်းလွဲ ၁ နာရီ၌ ဖုန်းအော်ပရေတာများက စမ်းသပ်ပေးပို့မည်ဖြစ်သည်။
ငလျင်ကဲ့သို့ ဘေးအန္တရာယ်ကျရောက်သောအချိန် အရေးပေါ်သတိပေးချက်များကို ဖုန်းကတစ်ဆင့် ချက်ချင်း အသိပေးနိုင်ရန် ရည်ရွယ်၍ ပြည်သူ့အရေးပေါ်ကယ်ဆယ်ရေးဌာနဘက်က ကြိုတင်စမ်းသပ်ခြင်းဖြစ်သည်။
စမ်းသပ်မှုများကို မေလ ၂ ရက်တွင် တစ်ကြိမ်၊ မေလ ၇ ရက်တွင် တစ်ကြိမ် အခြားခရိုင်များတွင် စမ်းသပ်ပြုလုပ်ပြီးနောက် ယနေ့ ချင်းမိုင်နှင့် ခရိုင်အချို့တွင် တတိယအကြိမ် စမ်းသပ်မည်ဖြစ်သည်။
စမ်းသပ်ပြုလုပ်ချိန်တွင် “This is a test message from Department of Disaster Prevention and Mitigation (DDPM) No action required” ဟူသော စာတိုကို ဖုန်းများက လက်ခံရရှိမည်ဖြစ်သည်။
ပြည်သူ့အရေးပေါ်ကယ်ဆယ်ရေးဌာနက သတိပေးချက်များကို စမ်းသပ်ခြင်းသာဖြစ်သည့်အတွက် မစိုးရိမ်ကြရန် ဆိုသည်။