ထိုင်းနိုင်ငံ၏ လွှတ်တော်ကို ဖျက်သိမ်းကြောင်း ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူက ဒီဇင်ဘာ ၁၁ ညတွင် ကြေညာလိုက်သည်။
ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ပြည်သူထံ အာဏာပြန်လွှဲလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က Facebook လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၆/၂၈ ကို ပြင်ဆင်သည့် ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ပါတီဘက်က ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုကို တင်သွင်းမည်ဟု ကြေညာခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်က လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး အတည်ပြုရန် ဘုရင်ထံ တင်သွင်းထားပြီး ဖြစ်ကြောင်း ဖော်ပြသည်။
လွှတ်တော်ဖျက်သိမ်းရန် ဘုရင်က လက်မှတ်ထိုးအတည်ပြုလိုက်ပြီဖြစ်ကြောင်း Thai PBS သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ ၂၀၁၆ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ဖျက်သိမ်းပြီးနောက် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရမည်ဖြစ်သည်။







