ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီတိုင်း လုံ/နယ်၀န်ကြီး အပြောင်းအလဲဖြစ်

November 12, 2021

တနင်္သာရီတိုင်း စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးနေရာအား နို၀င်ဘာလ ၆ ရက်နေ့တွင် အပြောင်းအလဲပြုလုပ်ခဲ့ကြောင်း သိရသည်။

လုံနယ်၀န်ကြီး ဗိုလ်မှူးကြီးသက်စိုးအစား ဗိုလ်မှူးကြီးသိန်းလင်းအား အစားထိုးခန့်လိုက်ကြောင်း တိုင်း‌ဒေသကြီး ကောင်စီ ၀န်ကြီးချုပ် ဦးမြတ်ကိုက ပြောသည်။

“လုံနယ်အသစ်က ရောက်နေပြီ။ အခမ်းအနားတွေတောင် တက်နေပြီ” ဟု ဦးမြတ်ကိုက ဆိုသည်။

ပြောင်းရွေ့သွားသည့် ဗိုလ်မှူးကြီးသက်စိုးသည် ပြီးခဲ့သည့် သြဂုတ်လဆန်းက လုံနယ်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး လေးလအကြာတွင် အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးသက်စိုး တာဝန်မယူမီက NLD အစိုးရလက်ထက်တွင် နယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးကြီးကျော်ဇေယျကို မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်ရန် ထုတ်ပြန်ခဲ့သည်။