BREAKING
October 18, 2025

တစ်ပတ်အတွင်း တနင်္သာရီသတင်းအစီအစဉ်

July 12, 2025

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • တနင်္သာရီမြို့နယ်က စစ်ရှောင်တွေ တုပ်ကွေးနဲ့ ဖျားနာအဖြစ်များနေပြီး ဆေးဝယ်ရခက်နေတဲ့ သတင်း
  • ထားဝယ်မှာ ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းစုဆောင်းနေတဲ့ အခြေအနေ
  • လက်နက်ကိုင်အဖွဲ့အချို့ ငွေတောင်းနေလို့ သရက်ချောင်းက ငါးဖမ်းသမားတွေ အခက်တွေ့နေရတဲ့ အကြောင်း
  • ဘုတ်ပြင်း အလယ်မန်ရွာပင်လယ်ပြင်မှ ရှပ်ဆွဲလှေတွေကြောင့် ကမ်းနီးငါးဖမ်းလှေတွေ အခက်ကြုံနေတဲ့ သတင်းတွေအပါအဝင် တစ်ပတ်အတွင်း သတင်းတွေအပြင်
  • ခရီးသွားတွေကို ငွေညှစ်နေတဲ့ စစ်ဆေးရေးအမည်ခံ သုံးပေတစ်ဂိတ်တွေအကြောင်း အထူးသတင်းပေးပို့ချက်တွေကို တင်ဆက်ထားပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။