အကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံ အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ကျိုဒို သတင်းဌာနတွင် ဖော်ပြထားသည်။
စက်ရပ်အထူးသတင်းအဖြစ် ဖော်ပြထားခြင်းဖြစ်ပြီး အသေးစိတ်ကို တင်ပြထားခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသည် မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံခြင်း၊ အခြားနိုင်ငံများနှင့် အစည်းအဝေးများ ဖိတ်ကြားစီစဉ်ခြင်းတို့ကြောင့် မကြာခဏ ဝေဖန်ခံရသည်။
၎င်း၏ သက်တမ်း မကုန်မီ မကြာသေးမီက မြန်မာနိုင်ငံသို့ ရုတ်တရက်သွားရောက်ခဲ့ခြင်း အတွက်လည်း အကြီးအကျယ်ဝေဖန်ခံခဲ့ရသည်။
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပလျက်ရှိသည်။
ကုလသမဂ္ဂအပါအဝင် အထူးသံတမန်များ၊ စေ့စပ်ညှိနှိုင်းလိုသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အကြိမ်ကြိမ်တောင်းဆိုသော်လည်း တွေ့ခွင့်မရခဲ့ပေ။

နောက်ဆက်တွဲ —
PanOrient သတင်းတွင်မူ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ PDF တို့နှင့် ပတ်သက်၍ မည်သည့် မှတ်ချက်မျှ မပေးခဲ့ကြောင်း ဖော်ပြထားသည်။







