BREAKING
June 13, 2025

ချင်းမိုင်မြို့က Queer Feminist အနုပညာပြပွဲ

June 12, 2025

ဓာတ်ပုံ - Dawei Watch

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Some Space Gallery ပြခန်းတွင် ဇွန်လ ၁ ရက်မှ ၁၅ ရက်အထိ ” We are here, We are Queer ” အမည် ဖြင့် အနုပညာပြပွဲတစ်ခု ကျင်းပနေသည်။

Queer Collective အဖွဲ့က စီစဉ်သည့် အဆိုပါ ပြပွဲ၌ Queer Feminist အနုပညာရှင် ၁၅ ဦး ၏ ပန်းချီ၊ ပန်းပု နှင့် အခြားဖန်တီးမှုများကို ခင်းကျင်းပြသထားသည်ကို တွေ့ရသည်။

ပွင့်လင်းတန်းတူညီမျှသည်ဆိုသော ယနေ့ခေတ် ကမ္ဘာကြီးတွင် အမျိုးသမီးများ၊ LGBTQ+ နှင့် အခြားလူပုဂ္ဂိုလ်များသည် လူ့အဖွဲ့အစည်းအတွင်း မမျှော်လင့်ထားသည့် နည်းလမ်းပေါင်းစုံဖြင့် ချုပ်ခြယ်ကန့်သတ်ခံနေရဆဲဖြစ်ကြောင်း သတင်းစကားပါးလိုသည့် ရည်ရွယ်ချက်ကို ပြပွဲ၌ ဖော်ပြထားသည်။

လိင်စိတ်ခံယူမှု ကွဲပြားသူများ၏ ဂုဏ်ယူစရာကာလ (LGBTQ+ Pride month ) ဖြစ်သည့် ဇွန်လတွင် ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် LGBTQ+ ဆိုင်ရာ လှုပ်ရှားမှုများ၊ ပွဲတော်များ၊ အခမ်းအနားများကို ကျင်းပလေ့ရှိသည်။