အိန္ဒိယနိုင်ငံတွင် ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းများအပါအဝင် လူ ၂၅၀ နီးပါး လိုက်ပါလာသော အိန္ဒိယလေယာဉ်တစ်စင်း ယနေ့(ဇွန် ၁၂)တွင် ပျက်ကျသွားကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။
လေယာဉ်သည် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှတစ်ဆင့် လန်ဒန်မြို့သို့ သွားရောက်ရန် Ahmedabad မြို့၏ နိုင်ငံတကာလေဆိပ်က ဒေသစံတော်ချိန် ၉ နာရီ ၅၀ မိနစ်တွင် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
လေယာဉ်သည် လေဆိပ်က ထွက်ခွာလာပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် အနီးရှိ လူနေရပ်ကွက်ဖြစ်သော Meghani Nagar သို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။
လေယာဉ်ပျက်ကျမှုကြောင့် ဒေသတစ်ခုလုံး မီးလုံးနှင့် မီးခိုးများ ထွက်လာသည်ကို ဗီဒီယိုမှတ်တမ်းများအရ သိရသည်။
လေယာဉ်ပေါ်တွင် ခရီးသည်နှင့် ဝန်ထမ်း ၂၄၂ ဦးလိုက်ပါလာပြီး အများစုသည် အိန္ဒိယနှင့် ဗြိတိန်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။
လေယာဉ်သည် Air India’s AI171 ဖြစ်ပြီး ဘိုရင်း ၇၈၇ အမျိုးအစားဖြစ်ကြောင်း ဖော်ပြသည်။
လက်ရှိတွင် လေယာဉ်ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေများကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်သည်။
Ref: Time of India, CNN







