နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁၀ရက် ညတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃၀ကျော်သေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရကြောင်း ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြောက်ဦးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို ဒီဇင်ဘာလ ၁၀ရက် ည ၉ နာရီကျော်တွင် စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ဘက်က သတင်းထုတ်ပြန်ထားသည်။
ဆေးရုံ ပင်ပဆောင်ကြီး၊ ခွဲစိပ်ဆောင်၊ အရိုးဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် ဆေးရုံအနီးရှိ လူနေအိမ်အချို့ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။





ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးဒဏ်ရာရသူများတွင် ကျန်းမာရေးဝန်ထမ်များ၊ အမျိုးသမီးများ၊ ကလေး အများစု ပါဝင်ကြောင်း ဖော်ပြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ခုနစ်ဦးသေဆုံးပြီး ကလေးငါးဦးအပါအဝင် ၁၀ ဦး ဒဏ်ရာရခဲ့သည်။







