BREAKING
October 18, 2025

ရန်ကုန်ဆန်ဈေးတက်ပြီး ငရုတ်ဈေးကျသည့် ထားဝယ်ဈေးကွက်

October 11, 2025

ထားဝယ်ဈေးကွက်တွင် ယခုသီတင်ပတ်အတွင်း ရန်ကုန်ဆန်ဈေးတက်ပြီး ငရုတ်သီးခြောက်ဈေးနှုန်းများ ကျဆင်းနေသည်ကို တွေ့ရသည်။

ထားဝယ်ဈေးကွက်တွင် ဝယ်လိုအားကောင်းသည့် ရွှေဘိုပေါ်ဆန်း(ရွှေမြင့်မိုရ်) အမှတ်တံဆိပ်ဆန်မှာ ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့က ဆန်တစ်အိတ်လျှင် ၂၀၀၅၀၀ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင်၂၀၄၀၀၀ကျပ်၊ အကယ်ဒမီ (အစိမ်း)တံဆိပ်ဆန်မှာ တစ်အိတ်လျှင် ၁၅၇၅၀၀ ကျပ်မှ ၁၆၁၀၀၀ ကျပ်နှင့် အကယ်ဒမီအနီဆန်မှာ ၁၃၈၅၀၀ ကျပ်မှ ၁၄၂၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားခြင်း ဖြစ်သည်။

အခြားအမှတ်တံဆိပ် ရန်ကုန်ဆန်များမှာလည်း ဈေးတက်နေသည်ကို အောက်ပါဇယားတွင် တွေ့ရှိရမည်ပြီး ထားဝယ်ဒေသထွက်ဆန်မှာ ဈေးငြိမ်လျက်ရှိသည်။

သို့သော်ငရုတ်သီးအခြောက်မှာ ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၄ ရက်နေ့က ရွှေအပ်ငရုတ်ခြောက်တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် တစ်ပိဿာ ၁၄၀၀၀ ကျပ်နှင့် ငရုတ်ပုခြောက်တစ်ပိဿာ ၂၇၀၀၀ ကျပ်မှ ၂၆၀၀၀ ကျပ်သို့ ဈေးကျသွားသည်ကိုတွေ့ရှိရသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ငရုတ်ခြောက်တစ်ပိဿာ ကျပ် ၁၀၀၀ ဈေးကျသွားသည်ကို တွေ့ရသည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ ဇယာပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။

ထားဝယ်ဒေသ၏ရေထွက်ကုန်ဈေးကွက်တွင်မူ ကထိန်ခင်းရာသီဖြစ်ခြင်းကြောင့် အလှူငါးများဖြစ်သည့် ငါးကွန်းရှပ်နှင့် ပုစွန်ဈေးနှုန်းများ ဆက်လက်မြင်တက်လျက်ရှိသည်ကို ဇယားပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။