BREAKING
October 19, 2025

ရေဖြူတွင်ဖမ်းခံရသော တော်လှန်ရေးရဲဘော်၏ လူမှုကွန်ရက်အကောင့်ကို စစ်အာဏာရှင်တပ်က အသုံးပြုနေ

September 11, 2025

ဓာတ်ပုံ - ဒေါနတပ်ခွဲ ၄

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မရမ်းချောင်းရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ တပ်ခွဲ ၄ မှ ရဲဘော်တစ်ဦး အဖမ်းခံရပြီး ၎င်း၏လူမှုကွန်ရက်အကောင့်ကို စစ်အာဏာရှင်တပ်က အသုံးပြုနေကြောင်း ယင်းတပ်ခွဲထံမှသိရသည်။

အဖမ်းခံရသည့်ရဲဘော်သည် ရဲဘော်အသေးလေး ဖြစ်ပြီး သြဂုတ်လ ၂၆ ရက်က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

” တိုက်ပွဲထဲမှာ အဖမ်းခံရတာ မဟုတ်ဘူး။ တပ်ထောက်တာဝန်နဲ့ ရှေ့တန်းကို ရိက္ခာ ထောက်ရင်း အဖမ်းခံရတာ။ နောက်ဆက်တွဲတော့ မသိရတော့ဘူး။ ကျသွားပီ လို့ပဲ မှတ်ယူရမှာပါ ” ဟု ဒေါနတပ်ခွဲ ၄ ပြန်ကြားရေးတာဝန်ခံကပြောသည်။

ရဲဘော်အသေးလေး ၏ လူမှုကွန်ရက်အကောင့်ကို စစ်အာဏာရှင်တပ်က သုံးကာ အခြားရဲဘော်များအား ဆဲဆိုခြင်း၊ ခြိမ်းခြောက်ခြင်းများ လိုက်လုပ်နေကြောင်း ၎င်းကပြောဆိုသည်။

ယင်းကြောင့် သတိထားကြရန် ဒေါနတပ်ခွဲ ၄ ၏ လူမှုကွန်ရက်မှ သတိပေးတိုက်တွန်းထားသည်။

ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် ဇူလိုင်လကတည်းကစပြီး ယခုစက်တင်ဘာလအထိ တော်လှန်ရေးအင်အားစုများနှင့် စစ်အာဏာရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိသလို အရပ်သားသေဆုံးမှုများလည်း ရှိခဲ့သည်။