ညင်းမော်ညောင်ရေသွန်းပွဲတော်က ပွဲဇံလှည့်ပွဲ

May 11, 2025

လောင်းလုံးမြို့နယ်၊ ညင်းမော်‌ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပလေ့ရှိပြီး လူသိများထင်ရှားသည့် ပွဲဇံလှည့်ပွဲကို ယခုနှစ်တွင် ပြန်လည်ထည့်သွင်း ကျင်းပခဲ့သည်။

ခေတ်ကိုထင်ဟပ်သရုပ်ဖော် ဖျော်ဖြေသော ပွဲဇံလှည့်ပွဲကို အာဏာသိမ်းပြီးချိန်မှ စတင်ကာ ထည့်သွင်းကျင်းပခြင်း မရှိတော့ဘဲ ယနေ့ကျင်းပသည့် ၆၉ ကြိမ်မြောက် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတွင်မှ ပြန်လည်ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ စည်ကားစွာကျင်းပနေသည့် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတော်တွင် ထည့်သွင်းကျင်းပနေသည့် ပွဲဇံလှည့်ပွဲမှာ အ‌နီးနားဒေသခံများ တခုတ်တရလာရောက် ကြည့်ရှု့ကြသဖြင့် စည်ကားလေ့ရှိသည်။

ထားဝယ်ခရိုင်တွင် ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းမှ ညောင်ရေသွန်းပွဲ၊ ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာမှ ကျွဲခတ်ပွဲ၊ ညင်းမော်ကျေးရွာ ပွဲဇံလှည့်ပွဲများမှာ ညောင်ရေသွန်းပွဲတော်ကာလတွင် ဒေသတွင်း အထူးထင်ရှားလူသိများသည်။