BREAKING
October 20, 2025

ကိုဗစ်ကာလ မှုခင်း ထက်ဝက်လျော့

May 11, 2020

ကိုဗစ်အရေးကြီးကာလဖြစ်သည့် ဧပြီလတွင် တနင်္သာရီတိုင်းအတွင်း မှုခင်း ဖြစ်ပွားမှု ထက်ဝက်ခန့်ကျဆင်းလာ ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

ကိုဗစ်ကာလမတိုင်မီ မတ်လတွင် တိုင်းအတွင်း အမှုပေါင်း ၁၁၂၆ မှု ဖြစ် ပွားခဲ့ပြီး ဧပြီလတွင် ၇၂၄ မှုသာ ဖြစ်ပွား ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ စာရင်းအရ သိရသည်။

ယင်းသို့ ကျဆင်းလာခြင်းမှာ ည မထွက်ရအမိန့်ထုတ်ပြန်ခြင်း၊ ရဲတပ်ဖွဲ့ က နေ့ရောညပါ လှည့်ကင်း ရပ်ကင်း များဖြင့် လုံခြုံရေးဆောင်ရွက်ခြင်းတို့ ကြောင့် မှုခင်းဖြစ်ပွားမှု ကျဆင်းလာ ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

Dawei Watch