ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် ကလေးသင်္ကြန်စပြီ

April 11, 2026

ဓာတ်ပုံ - Dawei Watch

ယနေ့ ဧပြီလ ၁၁ရက်တွင် ထားဝယ်မြို့တွင် သင်္ကြန်အကြို ကလေးသင်္ကြန်အဖြစ် ရေစကစားနေကြပြီဖြစ်သည်။

နေအိမ်များရှေ့တွင် ရေပီပါ၊ ရေခွက်များထား၍ ရေကစားသူများရှိသလို၊ အုန်းလက်ရေကစား မဏ္ဍပ်အချို့လည်း မြို့ပေါ်ရပ်ကွက်အချို့၌ တွေ့ရသည်။

သုံးဘီးဆိုင်ကယ်များဖြင့် သင်္ကြန်လည်နေသူအချို့လည်း တွေ့ရသည်။

ယခုနှစ် ကလေးသင်္ကြန်သည် ကိုဗစ်ကပ်ရောဂါကာလနှင့် အာဏာသိမ်းကာလအတွင်း ယမန်နှစ်များထက် ရေကစားသူ ပိုများလာကြောင်း မြို့ခံများက ပြောသည်။

ကလေးသင်္ကြန်ကို NLD အစိုးရလက်ထက်က မြို့ပေါ် ရပ်ကွက်အားလုံးတွင် ရေကစားမဏ္ဍပ်ထိုးစေကာ ကုန်ကျစရိတ်အချို့ကို အစိုးရက ကူညီထောက်ပံ့မှုပြုလုပ်ခြင်းမျိုး ရှိခဲ့သည်။

ထားဝယ်ဒေသတွင် သင်္ကြန်ကာလမတိုင်မီ နှစ်ရက်အလို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကလေးများ ရေစကစားသည့် ဓလေ့ရှိပြီး ယင်းဓလေ့ကို ကလေးသင်္ကြန်ဟု ထားဝယ်ဒေသခံများက လက်ခံထိန်းသိမ်းလျက်ရှိကြသည် ။

ဧပြီလ ၁၁ ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတွင် ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့ ၌ ကလေးများ ရေကစားနေကြသည့်မြင်ကွင်းနှင့် သင်္ကြန်လည်နေသူအချို့၏ မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။