ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

April 11, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • တော်လှန်ရေးတပ်တွေသိမ်းထားတဲ့ မြိတ်-ထားဝယ်လမ်းရှိ ဝင်းဝရွာကို စစ်အာဏာရှင်တပ်ပြန်ရောက်
  • ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်မှာ လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းစုဆောင်းခံရ
  • ထားဝယ်ကိုလာပို့တဲ့ ဆီဘောက်ဆာကို လက်နက်ကိုင်တစ်စုကတားပြီး စက်သုံးဆီတွေယူဆောင်သွား
  • တနင်္သာရီ ရမ်းဖိုရွာရှိဥယျာဉ်ခြံတွေထဲ စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးလာလို့ စစ်ရှောင်တွေထပ်ထွက်ပြေးရ
  • စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်နေလို့ တကူရွာသားတွေ ဈေးမသွားရဲဖြစ်နေ
  • စက်သုံးဆီဈေးတက်နေလို့ ထားဝယ်အထူးစီးပွားရေးဇုန်ထဲ ဟင်းသီးဟင်းရွက်စိုက်သူတွေ အလုပ်ရပ်နား
  • ထားဝယ်မှာ ညဘက်ဆီတန်းစီသူတွေကို နှောက်ယှက်တဲ့အမျိုးသားနှစ်ဦး အဖမ်းခံရတဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် “မြန်မာတောင်ပိုင်းက ထမင်းဝိုင်းကို လာမှန်တဲ့ အရှေ့အလယ်ပိုင်းက ဒုံးကျည် ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။