တနင်္သာရီတိုင်းက အီကွေတာနဲ့ နီးကပ်တဲ့အပြင် မုတ်သုံမိုးလည်း အားကောင်းတာကြောင့် မြန်မာနိုင်ငံရဲ့ တခြားဒေသတွေနဲ့မတူဘဲ ထူးခြားတဲ့ မိုးသစ်တောကြီးတွေ ဖုံးလွှမ်းတည်ရှိနေပါတယ်။
အပူပိုင်း မိုးသစ်တောတွေက တနင်္သာရီရဲ့ အမှတ်အသားဖြစ်ပြီး အမြဲစိမ်းလန်းနေတဲ့ သစ်တောကြီးတွေပါ။ အလွှာအဆင့်ဆင့်ရှိတဲ့ သစ်တောအမျိုးအစားတွေဖြစ်လို့ ရှားပါးတဲ့ နို့တိုက်သတ္တဝါတွေနဲ့ ငှက်မျိုးစိတ်တွေ အများဆုံး နေထိုင်ကြပါတယ်။
ဒီသစ်တောကြီးတွေက ကမ္ဘာ့အဆင့် အရေးပါတဲ့ ဇီဝမျိုးစုံမျိုးကွဲ မှီတင်းနေထိုင်ရာ အသိုက်အမြုံကြီးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုဒီသစ်တောကြီးတွေက ပျက်စီးလာနေပါပြီ။






