ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လောင်စာဆီသိုလှောင်ထားသော အခန်း မီးလောင်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က ဘန်ကောက်မြို့လယ် ပထူဝမ်နယ်မြေ ကြက်ခြေနီအသင်းရုံးတွင် မီးလောင်ခဲ့ခြင်းဖြစ်ပြီး လောင်စာဆီသိုလှောင်ခန်းအထိ မီးကူးစက်သွားခဲ့ခြင်းဖြစ်သည်။
မီးလောင်နေသောနေရာကို အဆောက်အဦထဲက အရေးပေါ်အဖွဲ့က မီးသတ်ပစ္စည်းများသုံး၍ ငြိမ်းသတ်ခဲ့သလို မီးသတ်သမားများလည်း လာရောက်ခဲ့ဟုသိရသည်။



မီးကို နံနက် ၁၀ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း သတင်းများတွင် ဖော်ပြသည်။
မီးလောင်ရသည့် အကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းသွားမည်ဟုဆိုသည်။
Ref: FM 91, Bangkok News







