ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပေးရန် လောင်းလုံးတွင်ဆန္ဒပြတောင်းဆို

March 11, 2024

Photo – DDMSC

စစ်ကောင်စီထံ လေယာဥ်ဆီရောင်းချပေးနေသည့် ကုမ္ပဏီများကို ပိတ်ပင်တားဆီးပေးရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဦးဆောင်ပြီး ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။

‘USA,UK,EU- မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့မှုကို ပိတ်ပင်တားဆီးပါ၊ USA,UK,EU- Ban The Export of Jet Fuel To Myanmar’ ဆိုသည့် ခေါင်းစဥ်ဖြင့် လူထုသပိတ်လှုပ်ရှားမှုကို ယနေ့ မတ်လ ၁၁ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံအမျိုးသမီးများ၊ လူငယ်များ ပူးပေါင်းပါဝင်ကြကြောင်း DDMSC ထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်အသုံးပြုလာပြီး အရပ်ပြည်သူ ထိခိုက်သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။