ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် ဟတ်ယိုင်မြို့ရှိ စာသင်ကျောင်းထဲတွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အထက်တန်းကျောင်းသားများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၅ နာရီခွဲတွင် ဟတ်ယိုင်မြို့ရှိ Patong Prathan Khiriwat စာသင်ကျောင်းထဲကို သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်သည်။
သေနတ်သမားက ကျောင်းထဲဝင်လာပြီး ဆရာများနှင့် ကျောင်းသားများကို ပစ်ခတ်ကြောင်း ဖော်ပြသည်။
ပစ်ခတ်မှုအတွင်း အထက်တန်းကျောင်းသားများကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားသေးကြောင်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။





လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး သေနတ်သမားကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း ဖော်ပြသည်။
သေနတ်ပစ်ခတ်မှုနှင့် ပက်သက်၍ အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Khaosod English, Thai PBS, Thairath






