မြိတ်မြို့ ၊ ဇေယျာသီရိ ၂ ရပ်ကွက် ၊ အောင်သပြေလမ်းတွင် တည်ရှိသည့် ဂရုဏာ နာရေးကူညီမှုအသင်းရုံးခန်း ယနေ့(ဖေဖော်ဝါရီလ ၁၁) မနက် ၂နာရီ၂၀မိနစ်တွင် မီးလောင်ခဲ့ကြောင်း ယင်းအသင်းထံကသိရသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသည့်ပမာဏ ကို ဂရုဏာအသင်းတာဝန်ရှိသူထံဆက်သွယ်မေးမြန်းရာ “ မီးလောင်ပြင် သန့်ရှင်းရေးလုပ်နေတုန်းပဲ ရှိသေးတယ် ။ ထိခိုက်ပျက်စီးသွားတာကို ပြောလို့မရသေးဘူး” ဟု ဖြေကြားသည်။
အဆိုပါမီးလောင်မှုအတွင်း လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ၎င်းက ဆက်ပြောသည်။
မီးလောင်ရသည့်အကြောင်းအရင်း နှင့်ပတ်သက်၍ မြိတ်ခရိုင်မီးသတ်ဦးဌာနသို့ဆက်သွယ်မေးမြန်းရာ လုပ်ငန်းကိစ္စများ ဆောက်ရွက်နေဆဲဖြစ်သဖြင့် မဖြေကြားနိုင်သေးကြောင်း အကြောင်းပြန်ကြားသည်။




မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ ရုံးခန်းနှင့်လူနာတင်ယာဥ်တစ်စီး မီးလောင်ပျက်စီးနေကြောင်း တွေ့ရသည်။
ယခုနှစ်ဆန်းပိုင်း၌ မြိတ်ခရိုင်တွင် မီးလောင်မှုအနေဖြင့် မြိတ်မြို့တွင်၅ကြိမ်၊ပလောက်မြို့တွင် တစ်ကြိမ် စုစုပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့သည်။