ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တာလဲ

January 11, 2023

ဟင်းချိုတောကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ သေနတ်နဲ့ပစ်ခတ်တာ၊ ဒေသခံတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။

ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့တဲ့သူတွေက လက်မောင်းမှာ အဖြူရောင်လက်ပတ်တွေ ပတ်ထားခဲ့ပါတယ်။

ဒေသခံတွေကတော့ ပျူစောထီးတွေ ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်
ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဒေသခံတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။