BREAKING
June 15, 2025

ထားဝယ်တွင် ရာသီပေါ် ကြက်သွန်နီအသစ် ဈေးတက်

January 11, 2022

ထားဝယ်ဈေးကွက်၌ ယခုရာသီတွင် ထွက်သည့် ကြက်သွန်နီအသစ် ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်နီအသစ် အလတ်စားအရွယ် ၁၀ ပိဿာဝင် တစ်အိတ်လျှင် ခုနှစ်ထောင် ဝန်းကျင်ရှိရာမှ လက်ရှိတွင် ကိုးထောင်ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

လက်ရှိတွင် ကြက်သွန်နီအဟောင်းမှာ အပင်ပေါက်ပြီး ထားသိုရောင်းချရခက်သဖြင့် ကြက်သွန်အသစ် ဈေးတက်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့အတွင်းရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ကြက်သွန်နီအဟောင်း (အလတ်စား) ၁၀ ပိဿာဝင် တစ်အိတ်လျှင် ၅,၀၀၀ ကျပ်မှ ၆,၅၀၀ ကျပ် ဝန်းကျင် အထိ ရောင်းချနေပြီး လက်လီ တစ်ပိဿာလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။

“ကြက်သွန်အဟောင်းက တစ်အိတ်မှာ ထက်ဝက်လောက်အထိ အပင်ပေါက်နေတယ်။ ရတဲ့ဈေးနဲ့ ရောင်းနေရတယ်” ဟု ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင် ကြက်သွန်နီအသစ် တင်မရောင်းကြဘဲ ကြက်သွန်အဟောင်းကိုသာ ရောင်းချနေသည့် ပွဲရုံကြီးအချို့ရှိသည်။

ကြက်သွန်နီ (မြစ်သား) ၁၀ ပိဿာဝင် တစ်အိတ်လျှင် ၁၂,၀၀၀ ကျပ် ပေါက်ဈေးရှိသည်။