ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက်ဒေသက အသံတိတ်သပိတ်နေ့မြင်ကွင်း

December 10, 2025

ဓာတ်ပုံ - Dawei Watch

၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်‌ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ နံနက်ပိုင်း ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ ၊ ရွာလယ်ကျောက်တိုင်လမ်းဆုံ၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။

လွန်ခဲ့သည့် သုံးရင်ခန့်ကတည်းက ကံပေါက်ဒေသရှိ ရပ်ကွက် ၊ ကျေးရွာ အများစု တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဓာတ်ပုံပေးပို့ရန်အခက်အခဲလည်းကြုံနေရကြောင်းဒေသခံတို့ကဆိုသည် ။