၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ယနေ့(ဒီဇင်ဘာလ ၁၀)တွင် အပြင်မထွက်ဘဲ အသံတိတ်သပိတ်၌ ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများနှင့် သပိတ်လှုပ်ရှားမှုအဖွဲ့များက တိုက်တွန်းထားကြသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ခြင်းဖြင့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားသဖြင့် ယနေ့ လောင်းလုံးမြို့နယ် ကျေးရွာချို့၏ အသံတိတ်သပိတ် မြင်ကွင်းဓာတ်ပုံများကို ဖော်ပြလိုက်ပါသည်။
















