ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် လူ့အခွင့်အရေးလှုပ်ရှားမှုပြုလုပ်

December 10, 2024

ဓာတ်ပုံ - Dawei Watch

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို လောင်းလုံးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၁၀ရက်တွင် ပြုလုပ်သည်။

“မည်သည့်လက်နက်မျှ လူ့အခွင့်ရေးအထက်တွင် မရှိစေရ” ဘန်နာကိုင်ဆောင်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၁၀ ရက်သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပြီး နိုင်ငံတဝန်း အထိမ်းအမှတ်ပွဲများလည်း ကျင်းပနေကြသည်။

Facebook လူမှုကွန်ရက်ပေါ်တွင်လည်း လူ့အခွင့်အရေး ထွန်းကားစေ၊ တရားမျှတ လွတ်လပ်မြေ စာသားပါ profile Campaign ကို ပြုလုပ်နေကြသည်။