Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့တော်ခန်းမဟောင်းကို မင်္ဂလာညစာစားပွဲတွေအတွက် စတင်အသုံးပြုလာတဲ့ အခြေအနေ
- မိုးနှောင်းကာလ မိုးကောင်းနေလို့ လယ်သမားတွေစပါးရိတ်သိမ်းဖို့အခက်ကြုံနေတဲ့အကြောင်း
- ရေဖြူမြို့နယ် ဇာဒီရွာကို စစ်အာဏာရှင်တပ်က လျှပ်စစ်မီးပြန်ဖြတ်တဲ့အပြင် ဖမ်းဆီးခံ ဇနီးမောင်နှံနှစ်ဦး ပြန်မလွတ်သေးတဲ့ အခြေအနေ
- မော်လမြိုင်မှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ LGBT သုံးဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးတဲ့ သတင်း
- ထိုင်းမှာ ကလေးမီးဖွားခွင့် ရက် ၁၂၀ ပေးမယ့် ဥပဒေထုတ်ပြန်တဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






