ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆန်ဈေးတက်လာသည့် ထားဝယ်ဈေးကွက်

November 10, 2023

ထားဝယ်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ဆန်ဈေးတက်လာသည်။

၂၄ ပြည်ဝင် ဆန်တစ်အိတ်လျှင် အနည်းဆုံး ကျပ်ငါးထောင်ကျော်မှ ကျပ်တစ်သောင်းကျော်အထိ ဈေးတက်လာသည်။

နိုဝင်ဘာလ ၃ ရက်နေ့က အကယ်ဒမီ ရက် ၉၀ ဆန်ကြမ်းတစ်အိတ် ၈၈,၅၀၀ ကျပ်သာရှိရာမှ ယနေ့ နိုင်ဝင်ဘာလ ၁၀ ရက်နေ့တွင် ၉၂,၀၀၀ ကျပ် ဖြစ်လာသည်။

ထို့နည်းတူ ရွှေဘိုပေါ်ဆန်းဆန် (အောင်သီဟ) တံဆိပ် တစ်အိတ်လျှင် ၁၇၅,၅၀၀ ကျပ်မှ ၁၈၁,၀၀၀ ကျပ်၊ ပေါ်ဆန်း အကယ်ဒမီ (အစိမ်းရောင်တံဆိပ်) တစ်အိတ်လျှင် ၁၂၇,၅၀၀ ကျပ်မှ ၁၃၅,၀၀၀ ကျပ်၊ ပေါ်ဆန်းအကယ်ဒမီ (အနီရောင်တံဆိပ်) တစ်အိတ် လျှင် ၁၁၇၀၀၀ ကျပ်မှ ၁၂၉၅၀၀ ကျပ် ဖြစ်လာကြသည်။

ဆီဈေးမှာ ဇယားပါအတိုင်း ဈေးနှုန်းအတိုင်း ငြိမ်နေသည်။

အာလူး တစ်ပိဿာဈေးမှာ ပြီးခဲ့သည့်အပတ်က ၃၀၀ဝကျပ်သာရှိရာမှ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ၄၀၀ဝကျပ်ခန့်ဖြစ်လာပြီး တစ်ပတ်အတွင်း ကျပ်တစ်ထောင် ဈေးတက်လာသည်။